စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ကျေးဇူးတော်နှင့်ပြည့်ဝသော အချိန်

အင်္ဂလန်နိုင်ငံ `ကိမ်းဘရစ်´ ဒေသ ရှိ`ကင်း´ကောလိပ် ဘုရားကျောင်း၏ ခရစ္စမတ် အကြိုဝတ်ပြုခြင်း အစီအစဉ်ကို ဘီဘီစီမှ တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်သည် ရေဒီယိုအသံလွှင့်အစီအစဉ်ကို နှစ်စဉ် ကျွန်တော် နှစ်ခြိုက်စွာ နားထောင်သည်။ သင်ခန်းစာ (၉)ခု၊ ခရစ္စမတ်သီချင်းများသီဆိုခြင်း နှင့်အတူ ကျမ်းစာဖတ်ရွတ်ခြင်း၊ ဆုတောင်းခြင်း၊ တေးဂီတ သံစုံများဖြင့် စိတ်နှလုံးကို နှိုးဆော်သည့် ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်ဖြစ်သည်။ တစ်နှစ် တွင်မူ အစီအစဉ်ကြေငြာသူက ခံ့ညားသောဘုရား ကျောင်းမှ ထွက်ခွာသွားသည့် ဧည့်ပရိတ်သတ်များ အား `ကျေးဇူးတော်နှင့်ပြည့်ဝသော အချိန်လေးမှ ထွက်ခွာပြီး လက်တွေ့ဘ၀ထဲသို့ ပြန်သွားကြပြီ´ ဟု သရုပ်ဖော်လိုက်၍ ကျွန်တော် အံ့သြသွားသည်။
ပထမဆုံးသော ခရစ္စမတ်အချိန်ကလည်း ထိုသို့ဖြစ်ခဲ့သည် မဟုတ်ပါလား။ ကယ်တင်ရှင်ခရစ်တော်သခင် ဖွားမြင်တော်မူကြောင်း ကောင်းကင်တမန်များ၏ ကြွေးကြော် သံ နှင့်အတူ ကောင်းကင်ဗိုလ်ခြေတို့၏ ဘုရားသခင်အား ချီးမွမ်းမြွက်ဆိုခြင်းကို သိုးထိန်းများ ကြားသိခဲ့သည်…

ခရစ္စမတ်မှာ လုပ်ကျွေးပြုစုပါ

မက်သျူး လစ်ထ်က ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စု၌ ပထမဆုံးဆင်နွှဲသည့် ခရစ္စမတ်ပွဲတော် အကြောင်းကို Christmas 1945 စာအုပ်တွင် ရေးသားခဲ့သည်။ `နယူးယော့ဒေးလီ နယူးစ်´သတင်းစာ၌ ခရစ္စမတ်နေ့တွင် တိုက် သင်္ဘော ၄ စင်း၊ လက်နက်တင်သင်္ဘော ၆ စင်း၊ စစ်သည်တင် သင်္ဘော ၇ စင်း၊ ဖျက် သင်္ဘော ၂၄ စင်း ပါဝင်သည့် စစ်သင်္ဘောအုပ်စုကို နယူးယော့ ဆိပ်ကမ်းတွင် တွေ့ရလိမ့်မည်ဟု သတင်းပေး ထားသည်။ သို့သော် စစ်ဆင်ခြင်းထက် စစ်သင်္ဘော အုပ်စုမှ ဆင်းရဲနွမ်းပါးသော ကလေး ၁၀၀၀ ကို အစာကျွေးမွေးခဲ့သည်။
ကလေးများ၏ ကိုယ်တိုင်းကို ကြိုတင်ရယူ ချုပ်လုပ်ထားသည့် မိုးပြာရောင်ကုတ်အင်္ကျီနှင့် သိုးမွှေးဦးထုပ် လက်ဆောင်ထုပ်များက ကုန်းပတ်ပေါ်တွင် အသင့်စောင့်ကြိုနေသည်။ ဤစစ်သင်္ဘောများက ကရုဏာများ သယ်ဆောင်လာသည့် သင်္ဘောများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလောကကမ္ဘာ၌…

မိုးကောင်းကင်မှဖွင့်လှစ်ပြသော

ဘုရားသခင်၏ အံ့ဖွယ်လက်ရာတော်များ ကို ခံစားမိန်းမောရန် ညအလှကောင်းကင်ကို ကြာ ရှည်စွာ ကြည့်နေရန်မလို၊ အပြောကျယ်သည့် နဂါး ငွေ့တန်း၊ တိမ်ခိုးဝေနေသည့် အာကာသတစ်ခွင်လုံး သည် သခင်ယေရှုအားဖြင့် တည်လျက်ရှိသည့် ရင်သပ် ရှုမောဖွယ် ဖန်ဆင်းခြင်းကို (ကော ၁း၁၆-၁၇) ဖော်ပြသတိပေးနေ၏။ ဘုရားသခင်၏ ဖန်ဆင်း ခြင်းတန်ခိုးတော်ပြသသည့်ရုံ၌ ကျွန်ုပ်တို့မှာ ရှေ့ဆုံး တန်းမှကြည့်နေရသကဲ့သို့ ဖြစ်သည်။
သို့သော် ခံစားရသည့် ဤညအလှက သားတော်ကို ဤလောကသို့စေလွှတ်ခဲ့ရာ၌ ပြသ ခဲ့သည် ဘုရား၏ ဘုန်းအသရေနှင့် နှိုင်းမယှဉ်သာ ပါ။ သိုးထိန်းများ သိုးကျောင်းနေကြစဉ်၊ ကောင်းကင် ၌ ရုတ်တရက် ထွန်းလင်းလျက်၊`ကောင်းကင်ဘ၀ဂ်ဝယ် ဘုန်းကြီးစေသတည်း´ (လု ၂း၁၄) ဟု ကောင်းကင်တမန်များက ချီးမွမ်းမြွက်ဆိုကြသည်။ အရှေ့အရပ်၌ဘုရားသခင်က ကြယ်ကြီးတစ်လုံးကိုထွန်းလင်းစေလျက် ဗက်လင်မြို့သို့ပို့ဆောင်လမ်းပြစေသဖြင့် တိုင်းတစ်ပါးမှ မာဂုပညာရှိများက ပေါ်ထွန်းမူသော ရှင်ဘုရင်ကို လာရောက်…

ချိုသာသောစကား

စကော့စ်သည် သူ့ယောက္ခမ `ကဲန်နှင့် ဖစ်လစ်´ ဇနီးမောင်နှံတို့၏ ဆက်ဆံရေးကို အထူး နှစ်သက်သဘောကျသည်။ ထို့ကြောင့် တစ်နေ့တွင် ၄င်းတို့၏ အိမ်ထောင်ကို ဘယ်အရာက အဆင်ပြေ စေသနည်းဟု မေးခဲ့သည်။ `ကဲန်´ က `ချိုအောင် လုပ်ပေးဖို့လိုတာပေါ့´ ဟုဖြေခဲ့သည်။
ကျွန်မ၏ မိတ်ဆွေတစ်ဦးကလည်း ‘တစ်ဦး နှင့်တစ်ဦးအပေါ် ကောင်းကောင်း ဆက်ဆံဖို့သတိရ ကြပါ´ ဟု ကျွန်မတို့ လင်မယားနှင့်အခြား မိတ်ဆွေ များထံ စာရေးပေးပို့သည်။
ထိုအကြံဥာဏ်နှစ်ခုလုံးက ကြင်နာခြင်း အကြောင်းဖြစ်သည်။ နေ့စဉ်ဘ၀၏ ဖိစီးမှုသောက များကြောင့် ကျွန်မတို့မှာ မိမိ၏ အိမ်ထောင်ဖက်နှင့် အခြားသူတို့အပေါ် အကဲဆတ်၊ စိတ် မရှည် သည်းမခံနိုင်ခြင်းများ ခံစားရလျက်၊ ဘာမဟုတ်သည့် အသေးမွားကိစ္စများအတွက် စိတ်အနှောင့်အယှက်ဖြစ်သည်။ ဝေဖန်စကားနာထိုးမိသည်။ မစဉ်းစားမဆင်ခြင်ဘဲ အကြင်နာ စာနာမှုမဲ့သော စကားများဖြင့် ထိုးနှက်မိသည်။
သုတ္တံကျမ်း၌ အခြားသူများအား…

လက်ဆောင်

ခရစ္စမတ်ကို လက်ဆောင်ပေးသည့်အချိန် ဟူ၍ ကျွန်ုပ်တို့အဓိပ္ပာယ်ဖွင့်ကြသည်။ မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများ နှစ်သက်မည်ဟု ထင်သည့် လက်ဆောင်များကို ကျွန်ုပ်တို့ကြိုးစားရှာဖွေကြသည်။ သို့သော် လက်ဆောင်အားလုံးက မတူညီကြပါ။ ဥပမာ - လေ့ကျင့်ခန်းလုပ်သည့် စက် (သို့) အလေးချိန် လျှော့ချနည်းစာအုပ် စသည့် လက်ဆောင်များက ပရိယာယ်နှင့် ၀ိတ်လျော့ရန် ရည်ရွယ်ချက်နှင့် ပေးသည်။ အချို့လက်ဆောင်မှာ ပေးသူကိုယ်တိုင်က မိမိလိုချင်နှစ်သက်သော လက်ဆောင်ကို ပေးခြင်းဖြစ်သည်။ သို့သော် ကျွန်မ တို့ကို ချစ်ပြီး ကျွန်မတို့ ဘာလိုချင်သည်ကို သိသူက ပေးသည့် လက်ဆောင်မှာ အကောင်းဆုံးလက်ဆောင် ဖြစ်သည်။
မနှစ်က ခရစ္စမတ်တွင် ကျွန်မ၏သင်းအုပ်ဆရာ `ဂျင်းမ် ဆမ်ရာ’က ခရစ်တော် ကြွလာခြင်းကို အခြားတစ်နည်းဖြင့် စဉ်းစားဆင်ခြင်ရန် စိန်ခေါ်ခဲ့သည်။ ယေရှုသည် ကျွန်ုပ် တို့ကို ဘုရားသခင်ပေးသည့် ပြီးပြည့်စုံသော လက်ဆောင်တစ်ခုဖြစ်ကြောင်း ကျွန်မတို့…

တိကျသေချာပါ။

အရေးကြီးသည့်ခွဲစိတ်မှု မတိုင်မီ တစ်ရက်အလို၌ ကျွန်မ အမှန်တကယ်ကြောက်ရွံ့ နေကြောင်း သူငယ်ချင်း ‘အန်း’ ကို ပြောပြခဲ့သည်။ သူက ‘ဘာကိုကြောက်တာလဲ’ ဟုပြန်မေးရာ၊ ‘မေ့ဆေးပေးပြီးရင် ပြန်မနိုးလာမှာကို ကြောက်တာ’ ဟု ကျွန်မပြန်ဖြေသည်။ ‘အန်း’က ချက်ချင်းပင် “အဖဘုရား၊ ကြောက်ရွံ့နေမှုအားလုံးကို ကိုယ်တော် သိပါတယ်။ ကျေးဇူးပြုပြီး သူ့ရဲ့စိတ်နှလုံးကို ငြိမ်သက်စေကာ သခင့်ရဲ့ ငြိမ်းချမ်းမှုနဲ့ ပြည့်ဝစေပါ။ ထို့ပြင် သူ့ကိုလည်း ခွဲစိတ်မှုပြီးတဲ့အခါ ပြန်နိုးထစေပါ ” ဟု ဆုတောင်းပေးခဲ့သည်။
ဘုရားသခင်သည် သူနှင့်စကားပြောရာ၌ ဤကဲ့သို့ တိတိကျကျပြောခြင်းကို နှစ်သက်သည်ဟု ထင်ပါသည်။ မျက်မမြင်သူတောင်းစား ဗာတိမဲက ခရစ်တော်၏မစမှုကို တောင်းခံရာ ခရစ်တော်က “သင့်ကို ဘာလုပ်ပေးရမလဲ” ဟုမေးခဲ့သည်။ ထိုအခါ သူက “အရှင်ဘုရား၊ ကျွန်ုပ်မျက်လုံးများကို ပြန်မြင်စေပါ” ဟု ပြောခဲ့ပြီး၊ ယေရှုက “သင်သွားလော့၊…

ဖွင့်ထားသောနားများ

မကြာမီက ကျွန်တော့် နားရောဂါကို အငြင်းပွားဖွယ် ဖြစ်နေဆဲ ကုထုံးတစ်ခုနှင့်ကုရန် ဆုံးဖြတ်ခဲ့သည်။ ထိုကုထုံးက ဖယောင်းကို အရည် ပျော်စေပြီး နားထဲထည့်ကာ၊ နားကြားနိုင်စွမ်းကို အတားအဆီး ဖြစ်စေသည့် အညစ်အကြေးများကို ရှင်းလင်းပေးသည့် နည်းဖြစ်သည်။ ၄င်းသည် တစ်မူထူးသည့် စမ်းသပ်မှုဖြစ်သော်လည်း အသံကို ကြည်ကြည်လင်လင်ဖြင့် ပြန်ကြားလိုသဖြင့် ထို စမ်းသပ်မှုကို ကျွန်တော်စမ်းကြည့်လိုခြင်းဖြစ်သည်။
ကောင်းစွာ နားကြားရရန် အရေးကြီး သကဲ့ သို့၊ ဘ၀၌ ဘုရားနှင့်အတူ လျှောက်လှမ်းခြင်းက ပို၍ပင် အရေးကြီးပါသည်။ (ဆာလံ ၄၀း၆)တွင် ဒါဝိဒ်က “ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ” ဟုပြောခဲ့သည်။
“ဖွင့်တော်မူပြီ” ဆိုသည့်စကားလုံးကို “ရှင်းလင်းစေသည်” ဟု အဓိပ္ပါယ် ပြန်နိုင်ပြီး ဘုရားသခင်က ကျွန်ုပ်တို့အပေါ်မည်သို့သော သဘောဆန္ဒရှိကြောင်းကိုလည်း ပြောပြနေသည်။ ဘုရားသခင်က သူ၏နှုတ်ကပတ်စကားတော်အားဖြင့် ပြောသည့်စကားကို ကျွန်ုပ်တို့က…

စွန့်စားထိုက်ပေ

“အိုင်ပက်” အသစ်တစ်ခုရရန် ဘာနှင့်လဲ မည်နည်း။ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက သူ့ကျောက်ကပ်တစ်ခုနှင့် လဲခဲ့သည်။ သူ့အနေဖြင့် “အိုင်ပက်”ကို မ၀ယ်နိုင်၊ သို့သော် အသည်းအသန် လိုချင်သဖြင့် ခွဲစိတ်မှုပြုရန် သူသဘောတူ စွန့်စား ခဲ့သည်။
တမန်တော် “၇” တွင် သတေဖန်သည် အန္တရာယ်များသောစွန့်စားမှုကို ပြုခဲ့သည်။ သို့သော် သူ၏စွန့်စားမှုက ခရစ်တော်၏သတင်းကောင်းကို ပြောကြားရန်အတွက်ဖြစ်သည်။ နိမိတ်လက္ခဏာ များပြနေချိန်၌ သူ့ကိုဖမ်းဆီးခဲ့ကြပြီး၊ ဘုရားနှင့် မောရှေ၏ ပညတ်ကို ပြစ်မှားသည်ဟု မှားယွင်း စွပ်စွဲကာ ယဇ်ပရောဟိတ်မင်းထံ ပို့ခဲ့ကြသည် (တ ၆း ၈ - ၁၄)။ ယဇ်ပရောဟိတ်မင်း၏ မေးခွန်းကို ပြန်ဖြေရာ၌ သတေဖန်သည် သူ့စကားကို ကြားနာ နေသူများ မကြိုက်၊ လက်မခံနိုင်သော တရားတော် ကို ဟောကြားခြင်းဖြင့် သူစွန့်စားခဲ့သည်။ သူက…

ဝမ်းမြောက်ရွှင်လန်းခြင်း

အာဒံနှင်ဧ၀တို့ ဘုရားသခင်စကားကို မနာခံတော့သည့်အခါ ၀မ်းမြောက်မှုများဆုံးရှူံးသွား သည်။ ပိုဆိုးမလာအောင် ဘုရားသခင်က သူတို့ကို ဥယျာဉ်မှ နှင်ထုတ်ခဲ့သည်။ ကောင်းမကောင်း သိကျွမ်းရာ အပင်မှ အသီးကို စားပြီး၊ အကယ်၍ အသက်ပင်မှ အသီးကိုစားလျှင် ဒုက္ခဝေဒနာများ ထဲတွင် သူတို့ထာဝရနေသွားရမည် ဖြစ်သည်။
ဥယျာဉ်ပြင်ပ၌ နေရသည့် ဘ၀ကလည်း မလွယ်ပါ။ အစာအတွက် အာဒံနှင့်ဧ၀တို့ ခက်ခဲ ပင်ပန်းစွာ လုပ်ဆောင်ရသည်။ သေခြင်းတရားက နေရာတိုင်းမှာ ရှိနေပြီး တိရိစ္ဆာန်များလည်း တစ် ကောင်နှင့်တစ်ကောင် သတ်ဖြတ်စားနေကြသည်။ ပိုဆိုးသည်မှာ ၄င်းတို့၏သားဦးက သူ့ညီကို ပြန် သတ်သည်။ ဒီထက်ဆိုးတာ ဘာရှိဦးမည်နည်း။ အပြစ်တရားက သူတို့ဘ၀ကို ထိုးဖောက် ၀င်လာပြီးနောက် ၄င်းတို့၏ ၀မ်းမြောက်မှုများ တဖြည်းဖြည်း ကွယ်ပျောက်သွားခြင်းကို သူတို့မတားဆီးနိုင်ခဲ့ပါ။
သို့သော် ၀မ်းမြောက်မှုကို ပြန်တည်ဆောက်မည့်အစီအစဉ် ဘုရားသခင်၌ ရှိသည်။ သေခြင်းတရားဝင်လာချိန်၌…

၂၇ ရာခိုင်နှုန်း

သမ္မာကျမ်းစာမှ အနာဂတ္တိ ကျမ်းစကားများ အပေါ် လူတို့၏ သဘောထားများမှာ အလွန်ကွဲပြား သည်။ ပရောဖက်ပြုချက်များကို ယုံကြည်သူအချို့က အလွန် စိတ်ဝင်စားပြီး၊ ၄င်းတို့က မျက်မှောက် ကမ္ဘာ့ ရေးရာများကို မပြတ်ပြောဆိုပြီး၊ ထိုအဖြစ်အပျက်များ သည် ခရစ်တော်အချိန်မရွေး တဖန်ကြွလာမူမည့်နိမိတ် လက္ခဏာများဟု ယူဆကြသည်။ အချို့ကမူ ပရောဖက် ပြုချက်များသည် မိမိနှင့် ဘာမှမဆိုင်ဟု တွေးတတ် သဖြင့်၊ ပရောဖက်ပြုချက်များသည် ခရစ်ယာန် အသက်တာနှင့် သက်ဆိုင်ကြောင်းကို မယုံသည့်ပုံ ပေါ်နေသည်။
ထို့ကြောင့် အနာဂတ္တိစကားများသည် အရေး ကြီးပါသလား၊ အောက်ပါအချက်များက မှန်သော အမြင်ရှုထောင့်မှ ကြည့်နိုင်အောင် မစလိမ့်မည်။ သမ္မာကျမ်းစာ၌ ကျမ်းပိုဒ်ပေါင်း (၃၁၁၂၄) ပိုဒ် ရှိသည့် အနက် ပရောဖက်ပြုချက် (၈၃၅၂) ပိုဒ်သာ ရှိသဖြင့် ကျမ်းစာ၏ ၂၇% သာ ရှိပါသည်။
တစ်ဖန်…